ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကနေ ကိုးကန့်တပ်မတော် - MNDAA ဆုတ်ခွါမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ရက်သတ္တပတ်ကြာပြီ ဖြစ်ပေမဲ့ လက်ရှိအချိန်ထိ လားရှိုးမြို့က MNDAA ထိန်းချုပ်မှု အောက်မှာ ပုံမှန် လည်ပတ်နေဆဲ ဖြစ်တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
MNDAA တပ်တွေ လားရှိုးမြို့ကနေ ပြန်လည် ဆုတ်ခွာဖို့ အကြပ်ကိုင်ဖိအားပေးနေတဲ့ တရုတ်က စစ်အုပ်စုနဲ့ MNDAA အကြား အပစ်အခတ် ရပ်စဲဖို့ သဘောတူညီချက် ရခဲ့ပြီလို့ ဇန်နဝါရီလ ၂၀ရက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက တာမိုးညဲမြို့မှာ ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတစ်ခုမှာလည်း MNDAA အနေနဲ့ အသုတ်လိုက် ခွဲကာ လားရှိုးကနေ တပ်ဆုတ်ရမယ်လို့ MNDAA ရဲ့ တာမိုးညဲခရိုင်မှူးရဲ့ တရုတ် ဘာသာစကားနဲ့ ပြောဆိုထားတဲ့ ရုပ်သံဖိုင်တစ်ခု ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပါတယ်။
တရုတ်ရဲ့ ပြောဆိုမှုနဲ့ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေတဲ့ ရုပ်သံဖိုင်ကြောင့် မြို့ခံတွေကြား စိုးရိမ်မှုနဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့် အခုထိတော့ လားရှိုးမြို့က ပုံမှန်ပဲ ရှိနေသလို ဖေဖော်ဝါရီလကုန်အထိ တစ်လကြာကျင်းပမယ့် နွေဦးပွဲတော် နှစ်သစ်ကူး အခမ်းအနား ပျော်ပွဲရွှင်ပွဲတွေ ဆက်လက် ကျင်းပနေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လားရှိုးမြို့ကနေ တပ်ဆုတ်ခွါရမယ်ဆိုတဲ့ကိစ္စ အထက်က ပြောဆိုလာတာမရှိသလို MNDAA ဘက်က တပ်ဆုတ်ခွါဖို့ မရှိဘူးမရှိဘူးလို့ MNDAA ဖွဲ့စည်းထားတဲ့ လားရှိုးမြို့ပြန်လည် ထူထောင်ရေး (Lashio Reconstruction) တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
MNDAA ပြန်ဆုတ်ပြီး စစ်အုပ်စု ပြန်ဝင်လာပါက ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်း ခံရတာတွေ ကြုံရနိုင်ပြီး မြို့က ပြန်လည် ပျက်စီးသွားနိုင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိတဲ့ လားရှိုးမြို့ကို ၂၀၂၄ ဩဂုတ်လ ၃ရက်မှာ MNDAA က သိမ်းပိုက် ရရှိခဲ့တာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
(Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိပါသည်။)
Mandalay Free Press – MFP မှ တင်ဆက်သောသတင်းများကို ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ Channel များကို Follow (သို့မဟုတ်) Subscribe လုပ်ထားနိုင်ပါသည်။
Facebook:
https://www.facebook.com/mandalayfreepressYouTube:
https://www.youtube.com/channel/UCBfTeqOv89TQi_oDp_rYd8g#MFP #MandalayFreePress #မန္တလေး #တော်လှန်သော #သပိတ် #မိခင်