International day ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံး IB World School, DAGUN
Published at : 17 Dec 2025
DAGUN International School ၏ International Day 2025 ကို နိုဝင်ဘာလ (၈) ရက်နေ့က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ခြေအနီးမှာ ရှိတဲ့ DAGUN International School မှာ ကျင်းပခဲ့ပါတယ်။
ကျောင်းသား/ သူများ နိုင်ငံတကာ၏ ယဉ်ကျေးမှု အမွေအနှစ် ဓလေ့ထုံးတမ်းများကို လေ့လာသင်ယူနိုင်ရန် ရည်ရွယ် ကျင်းပခဲ့တာ ဖြစ်ပြီး တရုတ်၊ ကနေဒါ၊ အီဂျစ်၊ မြန်မာ၊ အမေရိကန်၊ အင်္ဂလန်၊ ကိုရီးယား နှင့် အိန္ဒိယ စတဲ့ (၈) နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုများ၊ အစားအသောက်များကို လေ့လာနိုင်ရန် နိုင်ငံ အလိုက် ပြခန်းများကို ဖွင့်လှစ် ပြသခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ အကြီးဆုံး IB (International Baccalaureate education) ကျောင်းဖြစ်လာမယ့် DAGUN International School မှာ အသက် (၃) နှစ် (Nursery) မှ အသက် (၁၈) နှစ် DP 1 (Grade 11) အထိ ကျောင်းသူ၊ ကျောင်းသားများ အတွက် ကမ္ဘာ့ထိပ်တန်း IB Curriculum နဲ့ သင်ကြားပို့ချပေးခြင်း၊ သင်ကြားရေး အတွေ့အကြုံ အနည်းဆုံး (၁၀) နှစ်နဲ့ အထက်ရှိပြီး အတွေ့အကြုံ၊ အရည်အချင်းပြည့်ဝတဲ့ IB Certified English Native ဆရာ၊ ဆရာမများမှ သင်ကြားပို့ချပေးခြင်း၊ ကမ္ဘာ့အဆင့်မီ စာသင်ခန်းများ၊ ခေတ်မီ သင်ထောက်ကူ ပစ္စည်းများဖြင့် ကျောင်းသူ၊ ကျောင်းသားတိုင်း အတွက် အကောင်းဆုံး စာသင်ကြားမှု အတွေ့အကြုံကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
@MyanmarCelebrity #DAGUN #DAGUNInternationalSchool #InternationalDay #IBEducationSchool #DAGUNSchool #DAGUNSchoolMandalay #InternationalBaccalaureateEducationMyanmar #IBEducationMyanmar #MyanmarInternationalSchool #DAGUNInternationalSchoolMandalay #MyanmarCelebrityPromo