ဗိုလ်ချုပ်ကြီးများ အလိုကျ ရွှေဆေးသုတ်ခံရသည့် ကောင်းမှုတော်စေတီ အများဆန္ဒနှင့် ထုံးသင်္ကန်းပြန်ကပ်လှူ
Published at : 17 Dec 2025
ဗိုလ္ခ်ဳပ္ၾကီးမ်ား အလိုက် ေရႊေဆးသုတ္ခံရသည့္ ေကာင္းမွုေတာ္ေစတီ အမ်ားဆႏၵႏွင့္ ထံုးသကၤန္းျပန္ကပ္လွဴ
ဗိုလ်ချုပ်ကြီးများ အလိုကျ ရွှေဆေးသုတ်ခံရသည့် ကောင်းမှုတော်စေတီ အများဆန္ဒနှင့် ထုံးသင်္ကန်းပြန်ကပ်လှူ
ရိုက်ကူး၊ထုတ်လုပ် - ကိုတီဂျေ (Mandalay In-depth News)
“ရွှေဆေး သုတ်လိုက်တာသည် စစ်ကိုင်းသူ၊စစ်ကိုင်းသားတွေရဲ့ ရင်ထဲကို ဆူးတစ်ချောင်း ရိုက်သွင်းလိုက်တာနဲ့ အတူတူပါပဲ”
“ထုံးသင်္ကန်း ပြန်ပြီး ကပ်လှူနိုင်တာကတော့ ရင်ထဲက ဆူးကို ပြန်နှုတ်လိုက်တယ်လို့ ယူဆပါတယ်”
ဦးတင်မျိုးလွင်၊ ဂေါပက ဥက္ကဌ၊ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီ။
တပ်မတော်အစိုးရ လက်ထက် ၂၀၁၀တွင် ဗိုလ်ချုပ်ကြီးများ အလိုကျ စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီကြီးအား အဖြူရောင်ထုံးသင်္ကန်းမှ ရွှေဆေးများ ပြောင်းလဲ သုတ်လိမ်းခဲ့သည်။ လက်ရှိတွင်မူ အများပြည်သူ ဆန္ဒအရ ရွှေဆေးများ ခွာချကာ ကောင်းမှုတော်စေတီကြီးအား အဖြူရောင် ထုံးသင်္ကန်း ပြန်လည်ကပ်လှူထားသည်။
ကောင်းမှုတော်ဘုရားကြီးအား ထုံးသင်္ကန်းကပ်လှူရာတွင် ပိုမိုသပ္ပာယ်စေရန်နှင့် ဆေးအရောင် ခိုင်ခန့်စေရန် ဆေးနှစ်ကြိမ် သုတ်လိမ်းခဲ့ပြီး ၂၀၁၈ဒီဇင်ဘာမှ ၂၀၁၉ မတ်လအထိ ပထမအကြိမ်၊ ၂၀၁၉ မေလမှ ဇူလိုင်လအထိ ဒုတိယအကြိမ် အဖြူရောင် ထုံးသင်္ကန်း ကပ်လှူခြင်းများ ဆောင်ရွက်ခဲ့သည်။
ကောင်းမှုတော်ဘုရားကြီး ထုံးသင်္ကန်း ပြန်လည်ကပ်လှုခြင်း လုပ်ငန်းများအတွက် စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း(၄၈၀၀)ခန့် ဖြစ်ကြောင်း ကောင်းမှုတော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဌ ဦးတင်မျိုးလွင်က ပြောသည်။
မူလက အဖြူရောင် ထုံးသင်္ကန်းဖြင့် ရှိခဲ့သော ကောင်းမှုတော်ဘုရားကြီးကို ဗိုလ်ချုပ်မှူးကြီး(ဟောင်း) သန်းရွှေ၏ ညွှန်ကြားချက်ဖြင့် ကျပ်သိန်း(၃၅၀၀)ကျော် သုံးစွဲကာ ၂၀၁၀တွင် ထုံးသင်္ကန်းမှ ရွှေသင်္ကန်း ပြောင်းလဲကပ်လှူခဲ့ကြောင်း ဘုရားဂေါပက မှတ်တမ်းများတွင် ဖော်ပြထားသည်။
လက်ရှိအချိန်သည် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကောင်းမှုတော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ကာလဖြစ်သည်။
စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီကြီးအား ရွှေဆေးမှ ထုံးသင်္ကန်း ပြန်လည်ကပ်လှူနေချိန် Mandalay In-depth News မှ သွားရောက်ရိုက်ကူးထားသည့် ရုပ်သံဗွီဒီယိုကို ပရိတ်သတ်များအတွက် တင်ဆက်လိုက်ပါသည်။
#Mandalay_Indepth_News
#Sagaing
#စစ်ကိုင်းမြို့ #ကောင်းမှုတော်စေတီ
#ထုံးသင်္ကန်း #အဖြူရောင်
“ေရႊေဆး သုတ္လိုက္တာသည္ စစ္ကိုင္းသူ၊စစ္ကိုင္းသားေတြရဲ႕ ရင္ထဲကို ဆူးတစ္ေခ်ာင္း ႐ိုက္သြင္းလိုက္တာနဲ႔ အတူတူပါပဲ”
“ထံုးသကၤန္း ျပန္ၿပီး ကပ္လွဴနိဳင္တာကေတာ့ ရင္ထဲက ဆူးကို ျပန္ႏွဳတ္လိုက္တယ္လို႔ ယူဆပါတယ္”
ဦးတင္မ်ိဳးလြင္၊ ေဂါပက ဥကၠဌ၊ ရာဇာမဏိစူဠာ ေကာင္းမႈေတာ္ေစတီ။
တပ္မေတာ္အစိုးရ လက္ထက္ ၂၀၁၀တြင္ ဗိုလ္ခ်ဳပ္ႀကီးမ်ား အလိုက် စစ္ကိုင္းၿမိဳ႕ ေကာင္းမႈေတာ္ေစတီႀကီးအား အျဖဴေရာင္ထံုးသကၤန္းမွ ေရႊေဆးမ်ား ေျပာင္းလဲ သုတ္လိမ္းခဲ့သည္။ လက္ရွိတြင္မူ အမ်ားျပည္သူ ဆႏၵအရ ေရႊေဆးမ်ား ခြာခ်ကာ ေကာင္းမႈေတာ္ေစတီႀကီးအား အျဖဴေရာင္ ထံုးသကၤန္း ျပန္လည္ကပ္လွဴထားသည္။
ေကာင္းမႈေတာ္ဘုရားႀကီးအား ထံုးသကၤန္းကပ္လွဴရာတြင္ ပိုမိုသပၸာယ္ေစရန္ႏွင့္ ေဆးအေရာင္ ခိုင္ခန္႔ေစရန္ ေဆးႏွစ္ႀကိမ္ သုတ္လိမ္းခဲ့ၿပီး ၂၀၁၈ဒီဇင္ဘာမွ ၂၀၁၉ မတ္လအထိ ပထမအႀကိမ္၊ ၂၀၁၉ ေမလမွ ဇူလိုင္လအထိ ဒုတိယအႀကိမ္ အျဖဴေရာင္ ထံုးသကၤန္း ကပ္လွဴျခင္းမ်ား ေဆာင္ရြက္ခဲ့သည္။
ေကာင္းမႈေတာ္ဘုရားႀကီး ထံုးသကၤန္း ျပန္လည္ကပ္လႈျခင္း လုပ္ငန္းမ်ားအတြက္ စုစုေပါင္း ကုန္က်ေငြ က်ပ္သိန္း(၄၈၀၀)ခန႔္ ျဖစ္ေၾကာင္း ေကာင္းမႈေတာ္ဘုရား ေဂါပကအဖြဲ႔ ဥကၠဌ ဦးတင္မ်ဳိးလြင္က ေျပာသည္။
မူလက အျဖဴေရာင္ ထံုးသကၤန္းျဖင့္ ရွိခဲ့ေသာ ေကာင္းမႈေတာ္ဘုရားႀကီးကို ဗိုလ္ခ်ဳပ္မွဴးႀကီး(ေဟာင္း) သန္းေရႊ၏ ၫႊန္ၾကားခ်က္ျဖင့္ က်ပ္သိန္း(၃၅၀၀)ေက်ာ္ သံုးစြဲကာ ၂၀၁၀တြင္ ထံုးသကၤန္းမွ ေရႊသကၤန္း ေျပာင္းလဲကပ္လွဴခဲ့ေၾကာင္း ဘုရားေဂါပက မွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။
လက္ရွိအခ်ိန္သည္ ႏွစ္စဥ္က်င္းပၿမဲျဖစ္သည့္ ေကာင္းမႈေတာ္ဘုရားႀကီး၏ ဗုဒၶပူဇနိယ ဘုရားပြဲေတာ္ ကာလျဖစ္သည္။
စစ္ကိုင္းၿမိဳ႕ ေကာင္းမႈေတာ္ေစတီႀကီးအား ေရႊေဆးမွ ထံုးသကၤန္း ျပန္လည္ကပ္လွဴေနခ်ိန္ Mandalay In-depth News မွ သြားေရာက္႐ိုက္ကူးထားသည့္ ႐ုပ္သံဗြီဒီယိုကို ပရိတ္သတ္မ်ားအတြက္ တင္ဆက္လိုက္ပါသည္။
႐ိုက္ကူး၊ထုတ္လုပ္ - ကိုတီေဂ်
#Mandalay_Indepth_News
#Sagaing
#စစ္ကိုင္းၿမိဳ႕ #ေကာင္းမႈေတာ္ေစတီ
#ထံုးသကၤန္း #အျဖဴေရာင္
.